ရေစကြိုမြို့နယ် သာဂေါင်ကြီးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ရေစကြိုမြို့နယ် သာဂေါင်ကြီးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ
ဧပြီ 12, 2025 | အခြားဒေသများ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ သာဂေါင်ကြီးကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က 

၂၀၂၅ ခုနှစ် ဧပြီလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါစာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် နံနက် (၁၀)နာရီဝန်းကျင်တွင် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း Yesagyo Township Info Committee က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရေလယ်ကျွန်းဒေသတဝိုက်တွင် စစ်ကြောင်းထိုးရာတလျှောက် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ နေ့လယ်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျခတ်ရွာ ဘုန်းတော်ကြီးကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Yesagyo Township Info Committee