စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိကြောင်း ABSDF က ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၁၂)ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
ကျောင်းသားတပ်မတော် အမှတ် (၃) စစ်ကြောင်း၊ တပ်ရင်း (၁၂) ရဲဘော်များသည် KKG-CDF၊ ဟံသာ၀တီ (ပကဖ)၊ CDF-SIYIN၊ ကလေးခရိုင်ခရိုင်စစ်ဒေသ ထန်တလန် DR အဖွဲ့များနှင့်အတူ ကြံသာရွာ စစ်တပ်အခြေစိုက်စခန်းအား ဧပြီလ (၁၁)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စခန်းအတွင်းမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ပြီး အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ထားခြင်းမရှိပါ။
#TachileikNewsAgency
Photo:ABSDF is with ABSDF Column - 3