မန္တလေး ဂရိတ်ဝေါဟိုတယ်တွင်း ပိတ်မိနေသူများအား ရှာဖွေမှု ရပ်ဆိုင်းထားပြီး (၃)ရက်အကြာ ၂၀၂၅ ခုနှစ် ဧပြီလ (၃)ရက်နေ့တွင် ရှာဖွေမှု ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရာတွင် မတ်လ (၃၀)ရက်နေ့မှ စတင်ခဲ့သည့် ရှာဖွေကယ်ဆယ်မှုကို မတ်လ (၃၁)ရက်နေ့တွင် ရပ်ဆိုင်းလိုက်သည့်အတွက် ဟိုတယ်အပျက်အစီးများအတွင်း ပိတ်မိနေဆဲသူများ၏ မိသားစုများက ဆက်လက်ရှာဖွေပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ဟိုတယ်တွင်း ပိတ်မိနေသူများ၏ မိသားစုများက ဟိုတယ်ရှေ့လမ်းဘေးတွင် ဒူးထောက်ငိုယို၍ အသနားခံ တောင်းပန်ကြသည့် ရုပ်သံဖိုင်တစ်ခု ဧပြီလ (၃)ရက်နေ့တွင် လူမှုကွန်ယက်၌ ထွက်ပေါ်လာပြီးနောက် ရှာဖွေရေးများ ပြန်လည်စတင်မည်ဟု သတင်းများ ထွက်လာခြင်းဖြစ်သည်။
ယနေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့များ အပါအဝင် တရုတ်နိုင်ငံ China Rescue Teams တို့ ပူးပေါင်းပြီး ဆက်လက်ရှာဖွေပေးနေသည်ဟု သိရသည်။
#TachileikNewsAgency
Photo: Thura Aung