စစ်ကိုင်းတွင် နာရီပေါင်း (၁၄၄)နာရီအကြာ ပိတ်မိနေသည့် ကျောင်းဆရာ တစ်ဦးကို အသက်ရှင်လျှင် ကယ်ထုတ်နိုင်

စစ်ကိုင်းတွင် နာရီပေါင်း (၁၄၄)နာရီအကြာ ပိတ်မိနေသည့် ကျောင်းဆရာ တစ်ဦးကို အသက်ရှင်လျှင် ကယ်ထုတ်နိုင်

ငလျင်ကြောင့် စစ်ကိုင်းမြို့၊ အိုးတန်းရပ်၊ စွယ်တော်နန်း တည်းခိုခန်း ပြိုကျမှုတွင် ပိတ်မိနေသူများအနက် တစ်ဦးကို နာရီပေါင်း (၁၄၄)နာရီအကြာတွင်  အသက်ရှင်လျှက် ကယ်ထုတ်နိုင်ပြီဟု သိရသည်။

အပျက်အစီးများအောက်တွင် နာရီပေါင်း (၁၄၄)နာရီအကြာ  ပိတ်မိနေသူ အသက်(၄၀)ဝန်းကျင် အရွယ်အမျိုးသားကို ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၂)ရက်နေ့ နေ့လယ်(၃)နာရီဝန်းကျင်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည် သိရသည်။ 

တည်းခိုခန်းပြိုကျ၍ ပိတ်မိနေသူ(၂)ဦး၏ အလောင်းကို ဧပြီလ(၁)ရက်နေ့က ရှာဖွေထုတ်ယူနိုင်ခဲ့ပြီးနောက် ဆက်လက်ရှာဖွေရာ ၎င်းအား အသက်ရှင်လျှက်ဖြင့် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသားမှာ ကျောင်းဆရာဖြစ်ကြောင်း သိရပြီး ၎င်းအား လက်ရှိတွင် စစ်ကိုင်းဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါနေရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင်  ပြည်တွင်း လူမှု ကူညီ ကယ်ဆယ်ရေးအဖွဲ့များ နှင့် မလေးရှား ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေ ကယ်ဆယ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့တွင်ပင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသည့် ဟိုတယ်အေးချမ်းသာအတွင်း ပိတ်မိနေသူများထဲမှ အသက်အမျိုးသား(၂)ဦးကို အသက်ရှင်လျက်ဖြင့် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့များ၊ တူရကီနိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်များက ကယ်ထုတ်နိုင်ခဲ့သည်။

Photo: နာရေးကူညီမှုအသင်း-ရန်ကုန်

#TachileikNewsAgency