ငလျင်ဒဏ်သင့်ဒေသများ အပါအဝင် တိုင်းနှင့် ပြည်နယ်တချို့တွင် လာမည့် ၂၀၂၅ခုနှစ် ဧပြီလ(၅)ရက်နေ့နှင့် (၆)ရက်နေ့ တို့တွင် မိုးရွာနိုင်ချေ (၉၀)ရာခိုင်နှုန်းနှင့် (၁၀၀)ရာခိုင်နှုန်းအထိရှိပြီး မိုးများနိုင်သည်ဟု မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က မတ်လ(၃၁)ရက်နေ့တွင် ပြောသည်။
အဆိုပါ နေ့များတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးရွာသွန်းနိုင်ချေရှိနေပြီး မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း တွေ့ရသည်ဟု ဆိုသည်။
လက်ရှိတွင် ထိုင်းမိုးလေဝသဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ ၂၀၂၅ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အတွင်း ထိုင်းပင်လယ်ကွေတောင်ပိုင်းမှ ကပ္ပလီပင်လယ်အထိ မိုးများနိုင်သည့် အခြေအနေတွေဖြစ်နေသည်ဟု ဆိုသည်။
ခန့်မှန်းထားသည့် ဧပြီလ(၂)ရက်နေ့မှမှ (၃)ရက်နေ့အတွင်း ကပ္ပလီပင်လယ်တောင်ပိုင်းတွင် လေဖိအားနည်းရပ် ဝန်းဖြစ်လာမည်ကို ဆက်၍စောင့်ကြည့်နေသည်ဟု ဆိုသည်။