ငလျင်ဘေးသင့်ပြည်သူများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးဝါးနှင့်ထောက်ပံ့ပစ္စည်းများ မြန်မာနိုင်ငံသို့  ရောက်ရှိ

ငလျင်ဘေးသင့်ပြည်သူများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးဝါးနှင့်ထောက်ပံ့ပစ္စည်းများ မြန်မာနိုင်ငံသို့  ရောက်ရှိ

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မြန်မာငလျင်ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့သည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးများ ၂၀၂၅ခုနှစ် ဧပြီလ(၃)ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထောက်ပံ့သည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးများ ပါဝင်သော  အထုတ်ကြီး အထုတ်ပေါင်း (၁၄၈)ထုတ်သည်  Moalem Aviation​​​ လေကြောင်းလိုင်းမှ Cargo Flight (ကယ်ဆယ်ရေးပစ္စည်းတင်)လေယာဉ်သည် အိန္ဒိယနိုင်ငံ ကိုးက္ကတားလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများ မရောက်မီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် နိုင်ငံအတွင်း ငလျင်လှုပ်ခတ်အပြီး  (၂၄)နာရီအတွင်းမှာပင် ရန်ကုန်ရှိ အရေးပေါ်သိုလှောင်ရုံများမှ ဆေးဝါးနှင့်ထောက်ပံ့ပစ္စည်းများကို ထုတ်ယူကာ  နေပြည်တော် နှင့် မန္တလေးတိုင်းရှိ ဆေးရုံများသို့   ပို့ပေးထားခဲ့ကြောင်းလည်း သိရသည်။

 

ကနဦးတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားသူများကို ကုသရေးပစ္စည်းများ၊ ဘက်စုံသုံးရွက်ဖျင်တဲများ အပါအဝင် ဆေးဝါးထောက်ပံ့ပစ္စည်းများကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ဦးစွာ ထောက်ပံ့ပေးခဲ့ပြီးနောက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့လည်း ထပ်မံပို့ဆောင်ထားကြောင်း သိရသည်။