မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အုန်းကိုင်းရွာထိပ်အနီး ကျောက်မျက်တွင်းပြိုမှုကြောင့် ဒဏ်ရာရရှိကာ တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဆက်အင်းပြန့် ကျောက်မျက်လုပ်ကွက်တွင် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၈)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က တွင်းပြိုမှု ဖြစ်ပွားရာမှ ကယ်ဆယ်ရေးအဖွဲ့မှမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ နှင့် လူမှုရေးအသင်းအဖွဲ့များက ရှာဖွေမှုများ လုပ်ဆောင်ကြပြီး သေဆုံးသွားသည့် ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)က မိုးကုတ်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
"မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်မြို့နယ်)ရုံးမှ လူနာတင်ယာဉ်တစ်စီးနှင့် အဖွဲ့ဝင်များမှ သွားရောက်ကူညီကယ်ဆယ်ခဲ့ရာ စိတ်မကောင်းစွာဖြင့် ထိခိုက်ဒဏ်ရာရရှိသူမှာ Dead Body ဖြစ်သွားခဲ့ပါသည်။"ဟု Myanmar Rescue - MOGOK က ရေးသားဖော်ပြထားသည်။
တွင်းပိနေသူမှာ (၂)ဦးဟုလည်း သိရသည့်အတွက် မတွေ့သေးသူ တစ်ဦးကို ဆက်လက်ရှာဖွေနေကြောင်းလည်း သိရသည်။
မိုးကုတ်မြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ(၁၂)ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးကုတ် အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်ရှိ BOC ဆီဆိုင်အနီးတွင် မြေပြိုမှုနှင့်အတူ ထရန်စဖော်မာလဲကျမှုများကြောင့် (၃)ဦး သေဆုံးသွားခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။
#TachileikNewsAgency
Photo: မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)