ငလျင်ဘေးသင့် မြန်မာပြည်သူများအား စာနာသည့်အနေဖြင့် ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ကျင်းပမည့် သင်္ကြန်ပွဲကို ဖျက်သိမ်း

ငလျင်ဘေးသင့် မြန်မာပြည်သူများအား စာနာသည့်အနေဖြင့် ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ကျင်းပမည့် သင်္ကြန်ပွဲကို ဖျက်သိမ်း

မြန်မာနိုင်ငံမှ ငလျင်ဘေးသင့် ပြည်သူများအား စာနာမှုအနေဖြင့်  မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးတွင် ကျင်းပမည့် သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း  ထိုင်းသံရုံးက ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် ကြေညာသည်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ၂၀၂၅ ခုနှစ် ဧပြီလ (၁)ရက်နေ့၌ သင်္ကြန်ပွဲကို ကျင်းပရန် စီစဉ်ထားသော်လည်း မတ်လ (၂၈)ရက်နေ့က ပြင်းထန်စွာ  ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်  အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးသွားကြရသူ များစွာအား စာနာဝမ်းနည်းစွာဖြင့် ဖျက်သိမ်းလိုက်ကြောင်း ကြေညာထားခြင်းဖြစ်သည်။

မြန်မာပြည်သူများအတွက် ငလျင်ဘေးကယ်ဆယ်ရေးကိုလည်း ထိုင်းသံရုံးအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်တွဲလုပ်‌ဆောင်နေကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်က ကယ်ဆယ်ရေး အထူးအဖွဲ့လည်း မြန်မာနိုင်ငံသို့ မတ်လ(၃၀)ရက်နေ့က ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။ 

#TachileikNewsAgency