အင်အားပြင်း ငလျင်ကြောင့် မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ဦးလှသိန်းဗိမာန် ပြိုကျမှုအတွင်း ပျံလွန်တော်မူသည့် သံဃာတော် အရေအတွက် တိုးလာသည်ဟု သိရသည်။
ဗိမာန်ပြိုကျမှုကြောင့် ယနေ့ ၂၀၂၅ ခုနှစ် မတ်လ (၃၀)ရက်နေ့အထိ ပျံလွန်တော်မူသည့် သံဃာတော်မှာ အပါး(၉၀)ဝန်းကျင်အထိရှိလာကြောင်း သက် ဆိုင်ရာ သံဃာတော်များက ဖော်ပြသည်။
မတ်လ (၂၈)ရက်နေ့ နေလယ်ပိုင်း (၇.၇)ပြင်းအားရှိ ငလျင်ကြောင့် ဦးလှသိန်းဗိမာန်တိုးချဲ့ဆောင်တွင် စာဖြေသံဃာများ ပြိုကျအဆောက်အဦးနှင့်အတူ ပိတ်မိနေခြင်းဖြစ်သည်။
စာဖြေသံဃာတော်များမှာ ရာချီရှိပြီး ကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေရသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဦးလှသိန်း သာသနာ့ဗိမာန်အဆောက်အဦး ပြိုကျပျက်စီးရာနေရာတွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၅၅)ဦးတို့သည် ဟောင်ကောင်မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ဖော်ပြသည်။
#TachileikNewsAgency