တန့်ဆည်မြို့ပေါ်တွင် မီတာခကောက်နေသည့်ကားနှင့် လုံခြုံရေးပေးနေသည့် စစ်ကားနှစ်စီး ပစ်ခတ်ခံရ

တန့်ဆည်မြို့ပေါ်တွင် မီတာခကောက်နေသည့်ကားနှင့် လုံခြုံရေးပေးနေသည့် စစ်ကားနှစ်စီး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့အနောက်ဘက် အထွက်တွင် မီတာခကောက်ရန် လှည့်ကင်းလုပ်နေသည့် စစ်ကောင်စီတပ်ကား (၃)စီးကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့ နံနက်ပိုင်းက တန့်ဆည်မြို့နယ် ပကဖ က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကားတစ်စီးဖြင့် မီတာခများလိုက်ကောက်နေသည်ကို စစ်ကောင်စီတပ်မှ ကား(၂)စီးဖြင့် လုံခြုံရေးပေးနေရာက တန့်ဆည်မြို့ တရားရုံးအနီးတွင် တန့်ဆည်မြို့နယ် ပကဖ က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုမှ စစ်ကောင်စီတပ်သားများ မောင်းလာသည့်  Mark IIကားတစ်စီးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့ဘက်က Tachileik News Agencyကို အတည်ပြုပြောဆိုသည်။

#TachileikNewsAgency