စစ်ကိုင်းတစ်မြို့လုံးနီးပါး ငလျင်ကြောင့်ပျက်စီးပြီး ဇိနောဒယစာသင်တိုက်ပြိုကျကာ သံဃာတော်များပိနေ

စစ်ကိုင်းတစ်မြို့လုံးနီးပါး ငလျင်ကြောင့်ပျက်စီးပြီး ဇိနောဒယစာသင်တိုက်ပြိုကျကာ သံဃာတော်များပိနေ

အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတစ်မြို့လုံးနီးပါး ပျက်စီးပြီး လူထိခိုက်သေဆုံးသူများကာ အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတမြို့လုံးနီးပါး အပျက်အစီးများသည့်အပြင် စစ်ကိုင်းမြို့ရှိ ဇိနောဒယစာသင်တိုက်လည်း ပြိုကျကာ သံဃာတော်များ ထိခိုက်သေဆုံမှုများသည်ဟု သိရသည်။

လက်ရှိ အချိန်အထိနောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ(၁၀၀၂)ဦး၊ ဒဏ်ရာရသူ(၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေသူ(၃၀)ဦးရှိသည်ဟု စစ်ကောင်စီက ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၉)ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန် ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။

#TachileikNewsAgency

Photo:Internet