မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာရှိ ဆေးပေးခန်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား (၁၀)ဦးထက်မနည်း သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီလေတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဆေးပေးခန်းက ဆရာဝန်မတစ်ဦးရယ် ဆေးခန်းလာတဲ့ အရပ်သား (၉)ဦးရယ် သေတယ်လို သိထားရတယ်။သေဆုံးတဲ့အထဲ ကလေးတွေလည်း ပါတယ်လို့ သိရတယ်။ ဆေးခန်းလည်း ပျက်သွားတယ်။”ဟု ဒေသခံတစ်ဦးက Tachielik News Agency ကို ပြောသည်။
အသေးစိတ်အချက်အလက်ကို ထပ်မံမေးမြန်းနေဆဲဖြစ်ပါသည်။
မတ်လ (၁၈)ရက်နေ့ကလည်း ဂန့်ဂေါမြို့အခြေစိုက် ခလရ(၅၀)တပ်ရင်းက အနီးရှိ ကျေးရွာများဖြစ်သည့် ပျားရွာ၊ အောင်မြင်ရွာ(ရှောက်ပင်)၊ အနောက်ဂန့်ဂေါရွာ၊ ရှုံးရှီရွာတို့ကို စစ်ကြောင်းထိုး၍ အရပ်သားများကို ဖမ်းဆီးသွားသည်ဟု သိရသည်။
#TachileikNewsAgency