ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဝမ်ဆောက်ခုံရွာဟောင်းတွင် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် နှစ်ထပ်နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၁)ရက်နေ့ ညနေ(၅)နာရီခွဲကျော်အချိန်က ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်ရသည့် အကြောင်းအရင်းမှာ ဒေါ်ပါအွေ့၏ နေအိမ်အတွင်း လူမရှိချိန်တွင် လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု တာချီလိတ်မြို့မီးသတ်တပ်ဖွဲ့ထံက သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ရေယာဉ်(၃)စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း နေအိမ်မှာ လုံးဝပျက်စီးဆုံးရှုံးလိုက်ရကြောင်း သိရသည်။