ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေလိမ်ကောစင်တာ (ကျားဖြန့်)လုပ်ငန်းများကို ထပ်မံဖမ်းဆီးမှုအတွင်း တရုတ်နိုင်ငံသား(၁၆၅)ဦးနှင့်အတူ လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက မတ်လ(၁၃)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်လာသည်။
တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုအတွင်း ၂၀၂၅ခုနှစ် မတ်လ(၁၂)ရက်နေ့က စီးနင်းရှာဖွေရာ တရုတ်နိုင်ငံသား(၁၆၅)ဦး၊ မြန်မာနိုင်ငံသား(၁)ဦးနှင့် လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် Star Link (၂)စုံ၊ ဖုန်းမျိုးစုံ အလုံး(၃၀)၊ ကွန်ပျူတာ(၅)လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုနှင့်နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးမည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
#TachileikNewsAgency