မိုင်းဖုန်းဆရာတော်သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ တဆင့် ဘန်ကောက်သို့ ကြွရောက်ကာ ထိုမှ တဆင့် ထိုင်ဝမ် နှင့် စင်္ကာပူအထိ သာသနာပြုခရီး ကြွချီမည်ဖြစ်ကြောင်း သိရသည်။
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် မိုင်းလား သာသနာပြုခရီးစဉ်ကနေ ၂၀၂၅ခုနှစ် မတ်လ(၁၃)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ လွန်းလိန်းကျောင်းတိုက်သို့ ပြန်လည်ကြွလာမည်ဖြစ်ပြီး မတ်လ(၁၄)ရက်နေ့တွင် တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ကြွရောက်ကာ မယ်ဆိုင်ကနေ တဆင့် ဘန်ကောက်သို့ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်မြို့မှ တဆင့် မတ်လ(၁၈)ရက်နေ့တွင် ထိုင်ဝမ် နှင့် စင်္ကာပူနိုင်ငံသို့ ဆက်လက် ကြွချီမည်ဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်သည် ယခုနှစ် ၂၀၂၅ ဇန်နဝါရီလ( ၅ )ရက်နေ့က သက်တော် (၆၁) နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။