ဒီးမော့ဆိုမြို့အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီလေတပ်က ဗုံး(၁၅)လုံးထက် မနည်းကြဲချ

ဒီးမော့ဆိုမြို့အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီလေတပ်က ဗုံး(၁၅)လုံးထက် မနည်းကြဲချ
မတ် 12, 2025 | ကယား

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီလေတပ်က ဗုံး(၁၅)လုံးထက်မနည်း ၂၀၂၅ခုနှစ် မတ်လ(၁၁)ရက်နေ့ ည(၇)နာရီကျော်တွင် ကြဲချသွားသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောက့် အသက်(၄၀)အရွယ် အမျိုးသားတစ်ဦး ခြေထောက် ထိခိုက်ဒဏ်ရာရပြီး စစ်ရှောင်နေအိမ်များလည်း ပျက်စီးသွားသည်ဟု သိရသည်။

“တစ်ဦးဒဏ်ရာရတယ်။ နေအိမ်တချို့တော့ပျက်စီးပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို အတည်ပြုသည်။

အဆိုပါ စစ်ရှောင်စခန်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအစောပိုင်းက ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုဒဏ်ကိုခံရသည့် စစ်ရှောင်စခန်းလည်းဖြစ်သည်ဟု ဆိုသည်။ 



 

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီသည် စစ်ရှောင်စခန်းများကို လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်။

#TachileikNewsAgency

Photo: CJ