လွိုင်ကော်ကိုစစ်ကြောင်းထိုးနေသည့် စစ်တွေအခြေစိုက်တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာ

လွိုင်ကော်ကိုစစ်ကြောင်းထိုးနေသည့် စစ်တွေအခြေစိုက်တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာ
ဇူလိုင် 31, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့က တပ်မှထွက်ပြေးကာ အလင်းဝင်လာကြောင်း Loikaw Local PDF ထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်သား ဇော်မင်းနိုင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့ မိုင်းနှောင်အ‌ခြေစိုက် ခလရ(၉) တပ်ရင်းမှဖြစ်ပြီး လွိုင်ကော်မြို့သို့ အင်အားဖြည့် စစ်ကြောင်းထိုးရင်း ၎င်းနှင့်အတူ ကျည်၊ ခဲယမ်းနှင့် လက်ပစ်ဗုံးများ ယူဆောင်ကာ ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဇူလိုင်လ (၃၀)ရက်နေ့က ထုတ်ပြန်ထားသည်။

၎င်းတာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်တွင် ထွက်ပြေးလိုသူများရှိနေပြီး စစ်ကောင်စီတပ်က စစ်‌မြေပြင်တွင် စစ်‌ရေးရှုံးနှိမ့်နေမှုကို တပ်သားများအား သတင်းအ‌မှောင်ချဖုံးကွယ်ထားပြီး အတင်းအဓ္ဓမ စေခိုင်း‌နေကြောင်း၊ တပ်တွင်းကျန်ရှိမိသားစုများကိုလည်း ခြိမ်းခြောက်ကြောင်း အဆိုပါတပ်သားက ပြောဆိုသည်။

၎င်းအား လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရးတပ်မှ လုံခြုံသောနေရာသို့ပို့ဆောင်ထားပြီး ဆက်လက် စီစစ်မေးမြန်းသွားမည်ဖြစ်ကာ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မှလည်း ထပ်မံပူးပေါင်းလာမည့် တပ်သား၊ အရာရှိများကိုလည်း ကြိုဆိုကြောင်းနှင့် လုံခြုံသောနေရာများ ဖန်တီးပေးသွားဖြစ်ကြာင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency