တာချီလိတ်မြို့၏ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင် ဖာမီဘက်တွင် မြက်တောတွင်း ဝှက်ထားသည့် မူးယစ်ဆေးပြား (၁၇)သိန်းကျော် သိမ်းဆည်းရမိ

တာချီလိတ်မြို့၏ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင် ဖာမီဘက်တွင် မြက်တောတွင်း ဝှက်ထားသည့် မူးယစ်ဆေးပြား (၁၇)သိန်းကျော် သိမ်းဆည်းရမိ

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၏ တဖက်  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်တွင် ဖာမီဘက်တွင် မြက်တောအတွင်း ဝှက်ထားသည့် မူးယစ်ဆေးများကို ၂၀၂၅ ခုနှစ် မတ်လ (၁၂)ရက်နေ့  နံနက်အစောပိုင်းတွင် လှည့်ကင်းအဖွဲ့က တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။ 

ထိုင်းစစ်တပ်က မယ်ဆိုင်မြို့နယ်အတွင်း ဖာမီရွာအနီး နယ်စပ်ကင်းလှည့်နေစဉ် မြက်များဖုံး၍ ဝှက်ထားသည့် အထုပ်ကိုတွေ့ရသဖြင့် အနီးဝန်းကျင်တွင် ကင်းပုန်းဝပ်စောင့်ခဲ့သော်လည်း မည်သည့်လှုပ်ရှားမှုမှ မတွေ့ခဲ့ရကြောင်း သိရသည်။

ယင်းနောက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အင်အားဖြည့်တင်းကာ မြက်တောအတွင်းမှ အထုပ် (၈)ထုပ်အား စစ်ဆေးရာ 999 အမှတ်တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၁၇)သိန်းကျော်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းစစ်တပ်နှင့် ရဲအဖွဲ့က မူးယစ်ဆေးများတွေ့ရသည့်ဧရိယာဝန်းကျင်ကို ဆက်လက်ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းတွင် နယ်စပ်လှည့်ကင်းလှည့်သည့်ထိုင်းစစ်တပ်နှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးသယ်သည့်အဖွဲ့များအား မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည့်နေရာဖြစ်သည်။

 

Photo: Mae Sai District Office