မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း ဂျောပကျေးရွာအနီးတွင် စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က လက်နက်နှင့် ကဖင်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။
တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဂျောပကျေးရွာအနီး ကော်ဖီခြံအတွင်းရှိ အဆောက်အဦတစ်ခုတွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နေ့လည်ပိုင်းအချိန်က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦအတွင်းမှ M-16 အမျိုးအစား သေနတ် (၁)လက်၊ M-22 သေနတ် (၁)လက် နှင့် ပစ္စတိုသေနတ် (၂)လက် အပြင် ကဖင်း (၄၀)အိတ်တို့ကို သိမ်ဆည်းရမိခြင်း ဖြစ်သည်။