ကျိုင်းတုံမြို့တွင် ဘက်ဟိုးဖြင့် သစ်မြစ်သစ်ကိုင်း ကော်ယူနေစဉ် မတော်တဆဖြစ်ပြီး ယာဉ်မောင်း သေဆုံး 

Photo: တိုင်းနေနာရေးကူညီမှုအသင်း
Photo: တိုင်းနေနာရေးကူညီမှုအသင်း
ကျိုင်းတုံမြို့တွင် ဘက်ဟိုးဖြင့် သစ်မြစ်သစ်ကိုင်း ကော်ယူနေစဉ် မတော်တဆဖြစ်ပြီး ယာဉ်မောင်း သေဆုံး 
ဖေဖော်ဝါရီ 10, 2025 | ရှမ်းရှေ့| မှုခင်းသတင်း

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း ဘက်ဟိုးဖြင့် သစ်မြစ်သစ်ကိုင်း ကော်ယူနေစဉ် မတော်တဆဖြစ်ကာ ယာဉ်မောင်းမှာ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စုအတွင်း နောင်ယန်းကျေးရွာအနီးတွင် ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့  မွန်းလွဲပိုင်းအချိန်က အမျိုးသားတစ်ဦးသည် ဘက်ဟိုးမောင်းပြီး သစ်မြစ် သစ်ကိုင်းများကို ကုတ်ကော်ယူစဉ် သစ်ကိုင်းက အရှိန်ဖြင့် မှန်ကိုထိမှန်ပြီး လူကိုပါ ဆက်လက်ထိမှန်သည့်အတွက် သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။

" သစ်မြစ်သစ်ကိုင်း ကော်ရင်းနဲ့ မှန်ကို လာရိုက်ရင်းကနေ လူကိုထိပြီး သေဆုံးသွားတာလို့ သိရတယ်။ မှန်စက နှလုံးကို တိုက်ရိုက်ထိသွားတာလားတော့မသိဘူး။ တကယ် စိတ်မကောင်းမိတယ်ဗျာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါနေရာကို သက်ဆိုင်ရာက လာရောက် စစ်ဆေးပြီးနောက် ကျိုင်းတုံ တိုင်းနေနာရေးကူညီမှုအသင်းက သေဆုံးသူ၏ ရုပ်အလောင်းက သယ်ဆောင်ကာ ကျိုင်းတုံဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။