ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတောင်းဆို

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတောင်းဆို

တိုင်းပြည်ကို အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်  ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က တောင်းဆိုလိုက်သည်။

ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်သည့် (၇၇) ကြိမ်မြောက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့တွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အဟန့်အတားမရှိပေးအပ်ခွင့်ပြုရန်နှင့် တိုင်းပြည်ကို အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်အဖွဲ့အစည်းကို တောင်းဆိုသည်ဟု ဖော်ပြထားသည်။

မြန်မာပြည်သူများအပေါ်ထားရှိသည့် ကတိကဝတ်ကို အမေရိကန်ပြည်ထောင်စုကိုယ်စား ထပ်လောင်းအတည်ပြုသည်ဟုလည်း ဆိုသည်။ 

မြန်မာနိုင်ငံနှင့် ၎င်းတို့၏အနာဂါတ်ကို ကိုယ်တိုင်ပုံဖော်လိုကြသည့် မြန်မာပြည်သူများ၏ အခွင့်အရေးကို အစောဆုံး အသိအမှတ်ပြုသည့် နိုင်ငံများထဲတွင် ပါဝင်သည်ဟုလည်း ဆိုသည်။

ဒီမိုကရေစီ၊ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် လူ့အခွင့်အရေးများကို ခံစားခွင့်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် မြန်မာပြည်သူများနှင့်အတူ တသားတည်းရပ်တည်သည်ဟုလည်း ဖော်ပြသည်။

#TachileikNewsAgency

#TNA_MAT

Photo:Internet