စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြကန်သာကျေးရွာရှိ ပျူစောထီးစခန်းအား ၀င်ရောက်တိုက်ခိုက်ရာ စစ်သုံ့ပန်း (၁)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ရွှေဘိုခရိုင် အမှတ် (၈)တပ်ရင်းထံမှ သိရသည်။
ကန့်ဘလူမြို့ ရွက်ကြမ်းကျေးရွာအုပ်စု မြကန်သာကျေးရွာတွင်ရှိသည့် ပျူစောထီးစခန်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့ ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း ခုခံတိုက်ခိုက်သည့် ပျူစောထီးတချို့ကိုသာ ပစ်မှတ်ထား ချေမှုန်းခဲ့ပြီး ၊ လက်နက်ချ အညံ့ခံသည် ပျူစောထီးအဖွဲ့ဝင်များ ၊ ဆေးကုသမှုခံယူနေရသည့် ပျူစောထီးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား နောက်နောင်တွင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပက်သက်ခြင်း မပြုလုပ်ကြရန် မှာကြားခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၈)တပ်ရင်းက ဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး သေဆုံးပြီး ၊ စစ်သုံ့ပန်း (၁)ဦး ၊ G-3 (၂)လက် ၊ ကာဘိုင် (၃)လက် ၊ လက်ပစ်ဗုံး ၊ ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
#TachileikNewsAgency
#TNA_LE
Photo:Shwebo District Battalion-08 - အမှတ် ၁ စစ်ဒေသ