သန်းခေါင်းစာရင်းကောက်ရန် ကြိုးစားနေသည့် ဂန့်ဂေါထွေအုပ်၊ လဝကနှင့် ရဲစခန်းတို့ ဒရုန်းဖြင့် ဗုံးသီးချခံရ

သန်းခေါင်းစာရင်းကောက်ရန် ကြိုးစားနေသည့် ဂန့်ဂေါထွေအုပ်၊ လဝကနှင့် ရဲစခန်းတို့ ဒရုန်းဖြင့် ဗုံးသီးချခံရ

မကွေးတိုင်း ဂန့်ဂေါမြို့တွင် သန်းခေါင်စာရင်းကောက်ယူရန် ကြိုး‌‌စားနေသော စစ်ကောင်စီလက်အောက်ခံ လဝကရုံး၊ မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းအနီးတို့ကို ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနှင့် ဗုံးသီးချ တိုက်ခိုက်ကြောင်း သိရသည်။

လဝကရုံးနှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့(HYPER UAV FORCE)မှ ဒရုန်းဖြင့် (၃)ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ဂန့်ဂေါမြို့  ခလရ(၅၀)တပ်မှ ပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ကြောင်း သိရသည်။

ယင်းနေ့တွင် သန်းခေါင်စာရင်းကောက်နေသည့် ဂန့်ဂေါမြို့ပေါ်ရှိ မြို့မရဲစခန်းအနီးနားသို့ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ဂန့်ဂေါမြို့ရှိ စစ်ကောင်စီတပ် ခလရ(၅၀)တပ်မှ (၁၂၀)မမ လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် လာပို့ရွာဖက်သို့ (၄)လုံးနှင့် စိုင်ဒူးရွာဖက်သို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့