ဒီမော့ဆို ငွေတောင်အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်လာ

ဒီမော့ဆို ငွေတောင်အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်လာ

ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ (၁၀၂)က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့ ညပိုင်းတွင် တိုက်ပွဲမရှိဘဲ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။

“စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်နေတာဟုတ်တယ်။ တောက်လျှောက်ပစ်နေတယ်။ ထိတွေ့တိုက်ပွဲတော့ ရှိမနေဘူး။ တစ်ဖက်သတ် ပစ်နေတာမျိုးပေါ့။ လောလောဆယ်တော့ ဘယ်နားတွေကျနေတယ်ဆိုတာတော့ အတည်ပြုလို့မရသေးဘူး”ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို အတည်ပြုသည်။

ငွေတောင်အခြေစိုက် ခလရ (၁၀၂)က ယနေ့ ည (၇)နာရီဝန်းကျင်မှစ၍ လက်နက်ကြီး တောက်လျှောက်ပစ်ခတ်နေခြင်းဖြစ်ပြီး ဒီမော့ဆိုနှင့် လွိုင်ကော်ကြား လမ်းမကြီးများဘက်သို့ ပစ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆထားကြသည်။

လွိုင်ကော်နှင့် ဒီမော့ဆိုလမ်းမကြီးတလျှောက်တွင် ယခုရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲ ကြိုကြားဖြစ်ပွားခြင်းမှလွဲ၍ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်လာခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency