ကရင်နီပြည်နယ်ရှိ မျက်စိရောဂါဝေဒနာခံစားနေရသူများကို Free Burma Rangers မှ မျက်စိဆရာဝန်က လာမည့် ၂၀၂၅ခုနှစ် ဇန်နဝါရီလတွင် လာရောက်ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း Karenni Free Burma Rangers ထံမှ သိရသည်။
လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကရင်နီပြည်နယ်ရှိ မျက်စိတိမ်စွဲ၊ မျက်သားတက်နှင့် အခြားမျက်စိရောဂါများကို Burma Vision အစီအစဥ်ဖြင့် Free Burma Rangers မှ မျက်စိဆရာဝန်က အခမဲ့ ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဥ်တွင် ပါဝင်ကုသမှုခံယူလို့သည့် ကရင်နီပြည်နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအနေဖြင့် မြို့နယ်အလိုက် နီးစပ်ရာ Ranger အဖွဲ့များထံ စာရင်းကြိုတင်ပေးသွင်းနိုင်ကြောင်း အသိပေးထားသည်။
#TachileikNewsAgency