လွိုင်ကော်မြို့ ရေပြန်ကျ

လွိုင်ကော်မြို့ ရေပြန်ကျ

တစ်လနီးပါးကြာ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ယခုရက်ပိုင်းအတွင်း ရေပြန်ကျန်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေတက်လာပြီး ရပ်ကွက်နှင့် ကျေးရွာများသည် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့က စတင်ကာ ရေမြုပ်နေခြင်းဖြစ်ကာ ယခုရက်ပိုင်းအတွင်း ရေများပြန်လည်ကျဆင်းလာကာ ယနေ့ အောက်တိုဘာလ (၇)ရက်နေ့တွင် ကားများ ပြန်လည်သွားလာနိုင်နေပြီဟု သိရသည်။

ရေကြီးရေလျှံမှုကြောင့် လွိုင်ကော်မြို့ရှိ နမ့်ကွဒ်၊ ချိကယ်အစပ်၊ ဒေါနိုးကူး၊ မှုံပြာ၊ ဘုရားဖြူ၊ ဖေါင်းတော၊ ဘုရားနီ မင်းစုကွက်သစ် စသည့် ရပ်ကွက်နှင့် ကျေးရွာများ ရေမြုပ်ခဲ့ကာ ဒေသခံများလည်း ပြောင်းရွှေ့ခဲ့ကြရသည်။

#TachileikNewsAgency

Photo:  CJ