တာချီလိတ်မြို့ရှိ  စိန်ဂျုဒ် ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ရေဘေးသင့်ပြည်သူ (၈၀) ဝန်းကျင် လက်ခံထား

တာချီလိတ်မြို့ရှိ  စိန်ဂျုဒ် ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ရေဘေးသင့်ပြည်သူ (၈၀) ဝန်းကျင် လက်ခံထား
စက်တင်ဘာ 15, 2024 | ရှမ်းရှေ့

ရေကြီးရေလျှံမှု အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့တွင် ကိုယ်ထူကိုယ်ထ အစီအစဉ်များဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိရာ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ  စိန်ဂျုဒ် ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ရေဘေးသင့် ပြည်သူ (၇၀)မှ (၈၀)ဝန်းကျင်အထိ ရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့် ပြည်သူများမှာ ပုန်းထွန်နှင့် ကျောက်တောင်ဘက်က ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့အတွက် လိုအပ်ချက်များနှင့်ပတ်သက်၍  စိန်ဂျုဒ် ကက်သလစ်ဘုရားရှိခိုးကျောင်းသို့ သွားရောက်ကာ မေးမြန်းလှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများက မိုးလုံလေလုံအားကစားရုံတွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသလို ကိုယ်ထူကိုယ်ထ အစီအစဉ်အဖြစ် ပုန်းထွန်ရပ်ကွက်အတွင်း သီရိရတနာဂူဟာပုန်းထွန်ရှမ်းကျောင်းတွင် လည်းကောင်း မယ်ခေါင်ရပ်ကွက်အတွင်းမှ (၃)လမ်းထဲက တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် လည်းကောင်း၊ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ လွယ်တော်ခမ်းဘုန်းကြီးကျောင်း နှင့်  သာသနာ့ဂုဏ်ရည် ဓမ္မာစရိယကျောင်းတိုက် အပါအဝင် ဘုန်းကြီးကျောင်းများတွင် လည်းကောင်း ရေဘေးသင့်ပြည်သူများကို လက်ခံထားရှိကြောင်း သိရသည်။