ထိုင်းနိုင်ငံအတွင်း COVID-19 ကူးစက်မှု မြှင့်တက်နေသည့်အတွက် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)ကို ထိုင်းနိုင်ငံဘက်က ၂၀၂၀ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့မှစ၍ ပိတ်ဖွယ်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ အရေအတွက် နေ့စဉ် အများအပြားမြင့်တက်လာသဖြင့် နယ်စပ်ဝင်ထွက်ပေါက်များမှ အဝင်အထွက်များအား တင်းကျပ်စွာ စစ်ဆေးနိုင်ရန် နယ်စပ်တစ်ခုလျှင် နယ်စပ်ဂိတ်တစ်ခုသာဖွင့်ထားရန် ထိုင်းနိုင်ငံက ဆုံးဖြတ်လိုက်ပြီးနောက် တာချီလိတ်ဘက်ရှိ မြန်မာ- ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂)ကို မတ်လ (၂၁)ရက်နေ့မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖွင့်ထားဆဲ ချစ်ကြည်ရေးတံတား အမှတ် (၁)ကိုလည်း မတ်လ (၂၂)ရက်နေ့၌လည်း ပိတ်လိုက်ဖွယ်ရှိကြောင်း မြန်မာဘက်က တာဝန်ရှိသူများက ကြားသိထားသော်လည်း တရားဝင်စာထွက် အကြောင်းကြားလာခြင်း မရှိသေးကြောင်း တာဝန်ရှိသူအချို့ထံမှ သိရသည်။
ထို့အတွက် ယနေ့ မတ်လ(၂၁)ရက်နေ့ ညပိုင်း တံတားမပိတ်မီအချိန်အထိ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြန်လာမည်ဆိုပါက အချိန်မီပြန်လာရန် လိုအပ်မည်ဖြစ်သည်။
Tachileik News Agency