လားရှိုးတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦးဒဏ်ရာရ၊ သေဆုံးသူများလည်း ရှိနိုင်

လားရှိုးတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦးဒဏ်ရာရ၊ သေဆုံးသူများလည်း ရှိနိုင်
စက်တင်ဘာ 9, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ကို  ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့  နံနက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသည့် အရပ်သား (၁၂)ဦးကို ရှာဖွေကုသပေးနေပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု MNDAA က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ယနေ့ နံနက် (၁၀)နာရီ (၂၃)မိနစ်နှင့် နံနက် (၁၀)နာရီခွဲအချိန်တို့တွင် လားရှိုးမြို့ လူနေရပ်ကွက်များကို ဆက်လက် ဗုံးကြဲတိုက်ခိုက်ရာ ရပ်ကွက် (၁)အတွင်း ဗုံးနှစ်လုံးကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့်နေရာများမှ အရပ်သားများကို MNDAA ၏ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနှင့် ရဲဌာနတို့က ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ကာ ဒဏ်ရာရသူ (၁၂)ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကာ ဒဏ်ရာရ၊ သေဆုံး၊ ဆုံးရှုံးမှုအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆာက်အဦး ထိမှန်ပျက်စီးသွားသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency

Photo: 果敢资讯网