ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ခဲယမ်းတချို့သိမ်းဆည်းရမိ

ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ခဲယမ်းတချို့သိမ်းဆည်းရမိ
စက်တင်ဘာ 4, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့နယ် တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်မှတစ်ဆင့် ရှင်မတောင် တောင်ပေါ်သို့ သွားသော စစ်ကြောင်းအား အပြန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ပြီး ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ထံမှ သိရသည်။

ပခုက္ကူမြို့နယ် တပ်မ -(၁၀၁) မှလာသည့် အင်အား (၆၀) ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ၂၀၂၄ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့တွင် တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်မှ တစ်ဆင့် ရှင်မတောင်တောင်ပေါ်သို့သွားပြီး အပြန်၌ PDF ပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုများ ရှိနိုင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအား နယ်မြေရှင်းလင်းချိန်တွင် Uzi ကျည်ဘောက် တစ်ဘောက် ၊ ၉မမ ကျည် (၈၄) တောင့်နှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရေစကြိုမြို့နယ် (ပ.က.ဖ) အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency