YRA ထီးလင်းထံ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်

YRA ထီးလင်းထံ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်

မကွေးတိုင်း ထီးလင်းမြို့နယ် အထိုင်တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့တွင် အလင်းဝင်လာကြောင်း YRA ထီးလင်းထံမှ သိရသည်။ 

စစ်ကောင်စီတပ်သား ဟိန်းသူအောင်သည် ၎င်း၏ အထက်အရာရှိဖြစ်သူ တပ်ကြပ်ကြီး၏ MAS အမျိုးအစား စနိုက်ဘာ သေနတ်တစ်လက်အား ယူဆောင်၍ ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊ ၁၆၊ ၁၇)-YRA ထီလင်း ထံသို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်၊ 

အလင်းဝင်လာသည့် တပ်သား ဟိန်းသူအောင်ကို ဆုကြေးငွေ (၆၅)သိန်းပေးအပ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 

#TachileikNewsAgency