ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးအင်အားစုမှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) အဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် နယ်စပ်ရေးရာဝန်ကြီးကား ပစ်ခတ်ခံရသည့်နေရာအတွင် အခိုင်အမာတပ်စွဲနေသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့ ညနေ (၅) နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုမှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့သေဆုံးခဲ့ပြီး တစ်ဆက်တည်းတွင် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု (၁) နာရီခန့်ဖြစ်ပွားခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ဆိုသည်။

ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြင့်ဆောင်ရွက်နေသည့်အချိန်ဖြစ်သည့်အတွက် ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ရေးအထူးသတိပြုသွားလာနေထိုင်ကြရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်တွန်း အသိပေးထားသည်။

#TachileikNewsAgency