ဩဂုတ်လအတွင်း ယင်းမာပင်၊ သရက်နှင့် မင်းတုန်းမြို့တို့ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များ ဝင်တိုက်

ဩဂုတ်လအတွင်း ယင်းမာပင်၊ သရက်နှင့် မင်းတုန်းမြို့တို့ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များ ဝင်တိုက်
စက်တင်ဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ယင်းမာပင်၊ သရက်နှင့် မကွေးတိုင်း မင်းတုန်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် ဩဂုတ်လအတွင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း Student Armed Force(S.A.F)ထံမှ သိရသည်။

သြဂုတ်လ (၇)ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)၏ ကာကင်းစခန်းရှိရာ ဘန့်ဘေးကျေးရွာတွင် ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်တပ်များပူးပေါင်း၍ စစ်ကောင်စီတပ် နမခ ကာကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူများ၊ MI-35 ဖြင့် လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်တပ်များဖြစ်သော ULF စစ်ကြောင်း၊ BLDF၊ ဘုတလင် Local mobile၊ ဗျူဟာ ၄၆ ယင်းမာပင်ခရိုင်တပ်ရင်း (၁၈၊ ၂၅၊ ၃၀၊ ၃၂)၊ ဗျူဟာ ၄၇ ယင်းမာပင်တပ်ရင်း (၂၇၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆)၊ ဗျူဟာ ၄၅ ယင်းမာပင်တပ်ရင်း (၂၁၊ ၂၂၊ ၂၃)၊ မုံရွာခရိုင်တပ်ရင်း (၂၀၊ ၂၃)၊ B 21၊ YRF၊ Sallingyi GZတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း သရက်မြို့နယ်၊ တွင်းလည်ကျေးရွာ၊ ဘုရားကုန်းအနီး ကာကွယ်ရေးပစ္စည်း စက်ရုံ ကပစ (၁၂)နှင့် (၆)မိုင်ခန့်အကွာတွင် စစ်ကောင်စီအင်အား (၅၀)ခန့် စစ်ကြောင်းကိုလည်း ကျောင်းသားလက်ရုံးတပ်တော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ်(၄)တပ်ရင်း (Eagle Force)တို့ ပူးပေါင်း၍ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ (၂၃)ရက်နေ့တွင် မကွေးတိုင်း၊ မင်းတုန်းမြို့ (၅)မိုင်ဂိတ်စခန်းနှင့် မင်းတုန်းမြို မီးသတ်ရုံး၊ လဝကရုံးတို့အား ကျောင်းသားလက်ရုံးတပ်တော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် (၄)တပ်ရင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်နှင့် ကျဆုံးစာရင်းကို အတည်မပြုနိုင်သေးဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Student Armed Force