ရွှေဘိုတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

ရွှေဘိုတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၃)ရက်နေ့တွင် တိုက်ခိုက်ကြောင်း သိရသည်။

ရွှေဘိုမှ ရှားတောရွာ​ဘက်သို့ ထွတ်လာပြီး သရက်ခြံထဲသို့အရောက် တော်လှန်ရေးတပ်များနှင့် တစ်ကြိမ်၊ အောင်ချမ်းသာရွာအနီး ဆန်စက်အဟောင်းတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်နှင့် တစ်ကြိမ် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။ 

ညနေပိုင်းတွင်လည်း တိုက်ပွဲထပ်ဖြစ်ပြီး စစ်ကောင်စီတပ်သားများ အထိနာကာ ရွှေဘိုမြို့အတွင်းသို့ ပြန်ဝင်သွားကြောင်း သိရသည်။ 

Eagle Guerrilla Force ၏ ထုတ်ပြန်ချက်အရ တိုက်ပွဲအတွင်း စစ်ကောင်စီပ်သား(၆)ဦးသေပြီး (၉)ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်သား(၂)ဦး၏ ရုပ်အလောင်းကို တော်လှန်ရေးတပ်များ တွေ့ရှိခဲ့ပြီး (၄)လောင်းကိုမူ ရွှေဘိုမုဒ်ပေါက်၌ စစ်ကောင်စီတပ်က မီးရှို့လိုက်သည်ဟု ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး KPG၊ ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း တပ်ခွဲ(၂) Fight For Freedoom၊ နဂါးမင်း၊ တောကျီးကန်း၊ ခွတ်ဒေါင်းရာဇာ၊ တာနောယက္ခအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency