လားရှိုးမြို့သိမ်းတိုက်ပွဲမှ ဖမ်းမိသည့် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၃၀၀ ကျော်ကို MNDAA ပြန်လွှတ်

လားရှိုးမြို့သိမ်းတိုက်ပွဲမှ ဖမ်းမိသည့် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၃၀၀ ကျော်ကို MNDAA ပြန်လွှတ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သိမ်းရာက ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်များကို MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၁)ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

MNDAA က ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သား(၅၅)ဦးနှင့် မိသားစုဝင် (၂၇၆)ဦး စုစုပေါင်း (၃၃၁)ဦးကို လမ်းစရိတ်များပေးကာ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

MNDAA သည် စစ်သုံ့ပန်းနှင့် မိသားစုဝင် (၂၀၀၀)နီးပါးကို ပြန်လွှန်ပေးရန်စီစဥ်ထားသည်ဟု သိရသည်။

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် သြဂုတ်လ (၃)ရက်နေ့တွင် လက်နက်ချအညံ့ခံခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်အများအပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: 果敢资讯网