ရမခ ဌာနချုပ်အတွင်း စွန့်ပစ်ခံထားရသည့် စစ်ကောင်စီတပ်သား ၁၃ ဦးကို MNDAA ကယ်တင်

ရမခ ဌာနချုပ်အတွင်း စွန့်ပစ်ခံထားရသည့် စစ်ကောင်စီတပ်သား ၁၃ ဦးကို MNDAA ကယ်တင်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရမခဌာနချုပ်အတွင်း စွန့်ပစ်ခံထားရသည့် စစ်ကောင်စီတပ်သား (၁၃)ဦးကို MNDAA က ကယ်တင်ပေးကြောင်း သိရသည်။

လားရှိုးမြို့တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီတပ်သား(၁၃)ဦးသည် အရှေ့မြောက်တိုင်း စစ်ဒေသဌာနချုပ်တွင် ရက်အတော်ကြာ စွန့်ပစ်ခံခဲ့ရပြီး ပုန်းအောင်းနေစဥ် MNDAA က ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် သြဂုတ်လ (၈ )ရက်နေ့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မဟာမိတ်တပ်စစ်ဆေးရာတွင် ဘန်ကာတစ်ခုအောက်တွင် ပုန်းအောင်းနေ သည့် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို တွေ့ရှိခဲ့ သည်ဟု MNDAA က ဆိုသည်။ 

စစ်ကောင်စီတပ်သားများသည် ရက်အတန်ကြာဆာလောင်မှု၊ အအေးမိခြင်းနှင့် အနာပိုးဝင်ခြင်းတို့ကို ခံစားရ၍ သေလုမြောပါးဖြစ်နေရာ MNDAA က ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ရန်နှင့် ဒဏ်ရာများကို ဆေးကုသမှုပေးရန် နောက်တန်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网