စစ်တပ်၏ စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရန် ဆက်လက်တိုက်ပွဲဝင်မည်ဟု NUG ကတိပြု

စစ်တပ်၏ စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရန် ဆက်လက်တိုက်ပွဲဝင်မည်ဟု NUG ကတိပြု

တိုင်းရင်းသား ညီနောင်မဟာမိတ်များအပါအဝင် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုနှင့် ပူးပေါင်းကာ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း 

အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံး (၃၆)နှစ်မြောက် သဝဏ်လွှာပေးပို့သည်။

နွေဦးတော်လှန်ရေးပန်းတိုင်ဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် (၃၆)နှစ်ကြာလာသည်ထိ ရှင်သန်နေဆဲဖြစ်သည့် ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲလျက် ယင်းသို့တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမျိုးစေ့ကို ချမှတ်လုပ်ဆောင်ခဲ့သည့် မော်ကွန်းတင်လောက်သော လူထုအ‌ရေးတော်ပုံကြီးဖြစ်သည့်အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ညီညွတ်ခြင်း ပြယုဂ်တစ်ခုလည်း ဖြစ်ခဲ့သည်ဟုလည်း ဆိုသည်။

အာဏာရှင်အဆက်ဆက်သည် လူထုအပေါ်တွင် ဆိုးရွားလွန်းသော ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ကြသော်လည်း တရားဥပဒေအရ ထိုက် တန်သော အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရခဲ့ကြသည်ဟုလည်း ဆိုသည်။

အဆိုပါ စစ်ရာဇဝတ်မှုများကို တရားဥပဒေရှေ့ မှောက်တွင် အရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တိုင်းရင်းသား မဟာမိတ်၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပြီး နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ လူထုတိုက်ပွဲများဖြင့် စစ်မျက်နှာဘက်‌ပေါင်းစုံမှ ထိုးစစ်ဆင်၍ တွန်းလှန်တိုက်ပွဲဝင်နေရာ စိုးမိုးထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာပြီး အောင်ပွဲများ ရရှိလာနေပြီဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: National Unity Government of Myanmar