အိမ်မွေးကြောင်ကိစ္စ စကားများ ရန်ဖြစ်ရာမှ ဓါးခုတ်မှုအထိ ဖြစ်ပွား

အိမ်မွေးကြောင်ကိစ္စ စကားများ ရန်ဖြစ်ရာမှ ဓါးခုတ်မှုအထိ ဖြစ်ပွား
By Mr John

ထိုင်းနိုင်ငံ ဖယောင်း ပြည်နယ်တွင် အိမ်မွေးကြောင်ကိစ္စ စကားများရာမှ ဓားခုတ်မှု ဖြစ်ပွားပြီး ကြောင်ပိုင်ရှင်ဖြစ်သူ အသက် (၆၀) နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့သည်။ 

ဖြစ်စဉ်မှာ ကြောင်သည် မျက်နှာချင်းဆိုင်  နေအိမ်မှ ငါးများကို စားရန် အကြိမ်ကြိမ်ကူးလာလေ့ရှိသည့် ကိစ္စနှင့် ပတ်သက်ပြီး ကြောင်မွေးထားသည့် အသက် (၆၀) နှစ်အရွယ် အမျိုးသား နှင့် အသက် (၃၀) နှစ်အရွယ် Wichai CHet Chaisuwan တို့ တုတ်ဆွဲဓါးဆွဲ စကားများရန်ဖြစ်ရာမှ ဓါးဖြင့် ခုတ်ခံရသည့် ဖြစ်စဉ်အထိ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့ ညနေ (၅) နာရီခန့်က ဖယောင်း ပြည်နယ် ချွန် ခရိုင်အတွင်း၌ ဖြစ်ပွားခြင်း ဖြစ်ပြီး ဓါးဖြင့် ခုတ်ခံရသည့် ကြောင်ပိုင်ရှင် အသက် (၆၀) နှစ်အရွယ် အမျိုးသားသည် ဘယ်ဘက်လက်တွင် ပြင်းထန်စွာ ဒဏ်ရာရထားကာ လက်ကောက်ဝတ်ပြတ်လုနီးပါး ဖြစ်နေသလို နောက်ကျေနှင့် လက်မောင်းတို့တွင်လည်း ပြတ်ရှဒဏ်ရာများစွာ ရရှိထားကြောင်း သိရသည်။ 

ဒဏ်ရာများစွာ ရရှိသွားသည့် အသက်(၆၀)အရွယ် အမျိုးသားကို ချွန်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း နှင့် အခင်းဖြစ်ပွားရာ နေရာတွင် ရန်ဖြစ်မှုအတွင်း အသုံးပြုခဲ့သည့် (၁)ပေရှည်သည့် မြက်ခုတ်ဓါးတစ်ချောင်းကိုလည်း တွေ့ရကြောင်း သိရသည်။ 

အခင်းဖြစ်ပွားပြီးနောက် ဓါးဖြင့် ခုတ်သည့်  အသက် (၃၀) နှစ်အရွယ် Wichai CHet Chaisuwan ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

Source: The Thaiger