Buffalo မြို့တွင် ခွပ်ဒေါင်းအလံတင်အခမ်းအနားပြုလုပ်

Buffalo မြို့တွင် ခွပ်ဒေါင်းအလံတင်အခမ်းအနားပြုလုပ်
သြဂုတ် 4, 2024 | 2021 Military Coup

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် Buffalo မြို့၌ (၁၅)ကြိမ်မြောက် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတင်အခမ်းအနားကို ၂၀၂၄ခုနှစ် ဩဂုတ်လ (၃)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများကပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါအခမ်းအနားကို (၈၈)မျိုးဆက် ကျောင်းသားဟောင်းများက စီစဉ်ကျင်းပခဲ့ကြပြီး Buffalo ဒုတိယမြို့တော်ဝန်  Deputy Mayor Dr. Callie Johnson နှင့် ONA Director Darren Saxon၊ NUG ဝန်ကြီးများ၊သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်သည်ဟု သိရသည်။

ခွပ်ဒေါင်းအလံတော်နှင့် ကျဆုံးသွားသော အာဇာနည်များ၊ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူအပေါင်းအား အလေးပြုခဲ့ကြပြီး အမှတ်တရစကားများပြောကြားသည်ဟု သိရသည်။

ညနေပိုင်းတွင် NUG ဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့် Buffalo မြို့ခံ တက်ကြွလှုပ်ရှားသူပြည်သူများ၊ ထောက်ပို့ပြည်သူများနှင့်တွေ့ဆုံကာ နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo:Kyaw Soe Latt