မြောင်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးအင်အားစုများမှ ဒရုန်းနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မြောင်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးအင်အားစုများမှ ဒရုန်းနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင် မြောင်မြို့မရဲစခန်းအတွင်း ပြည်သူ့စစ်များ စစ်သင်တန်းပြုလုပ်နေစဉ် တန်းစီချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM အဖွဲ့ထံမှ သိရသည်။

ငါန်းဇွန်မြို့နယ် ငါန်းမြာ နှင့် ပေါက်တောချောင်ကျေးရွာများမှ ပြည်သူ့စစ်များ ဇူလိုင်လ (၃၁) ရက်နေ့ ညနေလေးနာရီခွဲတွင် မြောင်မြို့မရဲစခန်းအတွင်း စစ်သင်တန်းပြုလုပ်နေစဉ် တန်းစီချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ Shar Htoo Waw နည်းပညာ Fixed Wings ဒရုန်း (၂) စီးဖြင့် ဗုံးသီး (၈) လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တန်းစီနေချိန်တွင် တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် စစ်ကောင်စီနှင့် ပျူစောထီးများ ထိခိုက်မှုရှိနိုင်ပြီး အခြေအနေရ ထိခိုက်သေဆုံးမှုများအား အတိအကျသိရှိနိုင်ခြင်းမရှိဘဲ ဆက်လက်စုံစမ်းနေကြောင်း CDSOM အဖွဲ့က ဆိုသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ ခမရ (၁၅) တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၄၀ မမ တာဝေးပစ် launcher ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း 8 STARS မြင်းခြံ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မြင်းခြံမြို့နယ် ခမရ (၁၅) တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ သြဂုတ်လ (၁) ရက်နေ့တွင် ၄၀ မမ တာဝေးပစ် launcher ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် မြို့ကိုသိမ်းပိုက်ရန် နီးကပ်လာပြီဖြစ်ကြောင်း အသိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေအား သိရှိခြင်းမရှိသေးကြောင်း 8 STARS မြင်းခြံပျောက်ကြားတပ်ဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား 8 STARS မြင်းခြံပျောက်ကြားတပ်ဖွဲ့ ၊ Freedom Fighter Guerrilla Force (FFGF) နှင့် Anyar Federal Task Force (AFTF) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: CDSOM မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-Page5