စစ်ကိုင်းမြို့နယ် အုန်းတောရွာ အမှတ် ၆၀၀၅ တင့်ကား တပ်ရင်းအား ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်

စစ်ကိုင်းမြို့နယ် အုန်းတောရွာ အမှတ် ၆၀၀၅ တင့်ကား တပ်ရင်းအား ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ရှိ အုန်းတောရွာ အမှတ် (၆၀၀၅)တင့်ကား တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း Phoenix–Sagaing မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့နယ်ရှိ အုန်းတောရွာ အမှတ် (၆၀၀၅)တင့်ကား တပ်ရင်းအား ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Fix Wing Drone များဖြင့် ဗုံးသီး (၉)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အဆောက်အဦးအား ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Phoenix–Sagaing မှ ဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Phoenix –Sagaing ၊ Young Wolf(LPDF)၊ Unicorn Guerrilla Force၊ Royal Falcon Guerrilla Force၊ ကြောင်လက်သည်း (ဝက်လက်)နှင့် နယ်မြေခံ တော်လှန်ရေး အင်အားစုများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Phoenix–Sagaing