ရွှေဘိုမြို့နယ် ပန်းရံကျေးရွာ စာကြည့်တိုက်တွင် ပြည်သူ့စစ်များ စစ်မှုထမ်းစုဆောင်းရေး အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

ရွှေဘိုမြို့နယ် ပန်းရံကျေးရွာ စာကြည့်တိုက်တွင် ပြည်သူ့စစ်များ စစ်မှုထမ်းစုဆောင်းရေး အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပန်းရံကျေးရွာ စာကြည့်တိုက်တွင် ပြည်သူ့စစ်များ စစ်မှုထမ်းစုဆောင်းရေး အစည်းအဝေးပြုလုပ်နေစဉ် PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံမှ သိရသည်။

ပန်းရံကျေးရွာ စာကြည့်တိုက်တွင် ပန်းရံကျေးရွာနှင့် ခွန်တောင်းကျေးရွာမှ ပြည်သူ့စစ်များ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ နေ့လယ် (၁၂) နာရီတွင် စစ်မှုထမ်းစုဆောင်းရေးနှင့် တောင်သူများအား တစ်ဧက ငါးသောင်းကျပ် ကောက်ခံရန် အစည်းအဝေးပြုလုပ်နေစဉ် PDF ပူးပေါင်းတပ်ဖွဲ့မှ Fix Wing Drone ဖြင့် ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဇူလိုင်လ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်များ အစည်းအဝေးပျက်ခဲ့ပြီး ကျေးရွာထဲတွင် လက်နက်ငယ်များ ပစ်ဖောက်ကြိမ်းမောင်းခဲ့ကာ ပျူစောထီးတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အစည်းအဝေးမှပြန်လာသည့် မျက်မြင်တစ်ဦးထံမှ ပြန်လည်သိရှိရကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ ဆိုသည်။

ပျူစောထီးများဘက်မှ လက်နက်ငယ်များဖြင့် ကျေးရွာအနီးတဝိုက်သို့ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Crocodile အဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ)၊ B. I. A Burmese Independent Army(ဒပယ)၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ EYE FOR EYE ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ Zay Yar Thawed (LPDF)၊ Shwebo Federal Army၊ ရွှေဘိုအားမာန်(UG)၊ HG FIghter (LPDF) ၊ စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ - LPDF၊ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်် ကြောင်ရိုင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency