မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF သိမ်းရာ လက်နက်ခဲယမ်းများရရှိ

မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF သိမ်းရာ လက်နက်ခဲယမ်းများရရှိ

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော Alpha ဘိလပ်မြေစက်ရုံတပ်စခန်းနှင့် တောင်တံငါတပ်စခန်းတို့ကို မန္တလေး PDF က အပြီးသတ် သိမ်းပိုက်ရရှိကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့တွင် မန္တလေး PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းမှ ဆုတ်ခွာပြေးရာတွင် စက်ရုံအဆောက်အဦးများကို မီးရှို့သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတား တပ်စခန်းတွင်လည်း တိုက်ပွဲပြင်းထန်နေပြီး အပြီးသတ်သိမ်းပိုက်ရရှိရန် လုပ်ဆောင်နေကာ မတ္တရာစစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး သုံ့ပန်းများ ဖမ်းဆီးရမိသည်ဟု သိရသည်။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းအရေအတွက် (၂၈)ခုအထိ သိမ်းပိုက်ထားပြီးဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: မန္တလေး PDF