ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် (၅)ဦးသေပြီး (၂)ဦးဖမ်းမိ 

ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် (၅)ဦးသေပြီး (၂)ဦးဖမ်းမိ 

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ (၅)မိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်မှ ဗိုလ်မှူး(၁)ဦးအပါအဝင် (၅)ဦးသေပြီး (၂)ဦးအား ဖမ်းဆီးရမိကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)ထံမှ သိရသည်။

အင်အား(၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ လက်အောက်ခံ ခလရ(၂၈၅)စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ တပ်ရင်း(၇) တပ်ခွဲ(၅)၊ ပုလောဒေသကာကွယ်ရေးတပ်(PRDF)မဟာမိတ်ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော်(၁)ဦး (မစိုးရိမ်ရ)ဒဏ်ရာရခဲ့ပြီး ပုလောဒေသကာကွယ်ရေးတပ်(PRDF)မှ ရဲဘော်(၁)ဦး ကျဆုံးသည်ဟု သိရသည်။

စစ်ကောင်စီတပ်ထံမှ MA-7 ၆၀ မမ စိန်ပြောင်း (၁)လက်၊ ၆၀ မမ ကျည် (၃)ခု၊ MA-1 ရိုင်ဖယ် (၁)လက်၊ MA-2 အပေါ့စားစက်သေနတ် (၂)လက်၊ MA-3 ရိုင်ဖယ် (၃)လက်၊ MA-5 ပစ္စတို (၁)လက်၊ အီနာဂါ (၁)ခု၊ လက်ပစ်ဗုံး (၈)လုံး၊ MA-14 နင်းမိုင်း (၃)ခု၊ MA ကျည်ဘောက် (၂၇)ခု၊ MA-2 ကျည်ဘောက်အဝိုင်း (၂)ခု၊ ၅.၅၆(ကပစ) ကျည် (၂၄၁၂)တောင့်၊ စစ်ဦးထုပ် (၆)လုံး၊ စကားပြောစက်(အသေး) (၁)လုံး၊ လက်ကိုင်ဖုန်း (၄)လုံး၊ ကျည်ကာအင်္ကျီ (၅)စုံ၊ အီကွေးမင်း (၅)ခု၊ ကျောပိုးအိတ် (၁)လုံးတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ကြည်း-၅၀၀၇၉ ဗိုလ်မှူး သက်ထွန်းအောင်၊ တ-၇၃၁၆၉၁ တပ်ကြပ်ကြီး ခင်မောင်သိန်း၊ တ-၇၇၃၉၈ တပ်ကြပ် ခိုင်လင်းအောင်၊ တ-၉၆၀၃၅၉ တပ်ကြပ် တင်စိုးနှင့် တ-၄၂၄၀၈၆ ဒု-တပ်ကြပ် သန်းဦးမြင့်တို့ သေဆုံးပြီး တ-၂၄၀၃၈၈ တပ်ကြပ် မောင်ဖြူ၊ တ-၈၈၈၀၄၆ တပ်ကြပ် မြမောင် တို့ကို အရှင်ဖမ်းမိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PDF Myeik District Battalion 1 - P23401