စစ်ကိုင်းတိုင်း ကန့်ဘလူမြိုနယ် ဇီးကုန်းမြိုပေါ်တွင် ရည်းစားနှင့်လာတွေ့သည့် စစ်ကောင်စီတပ်သား(၂)ဦးကို ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့က ဖမ်းဆီးရမိထားကြောင်း သက်ဆိုင်ရာတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် ကျော်မင်းနိုင်နှင့် ပျူစောထီး ဝေဖြိုးအောင်တို့ကို KBU-တောလေးအဖွဲ့မှ သတင်းအတိအကျရ၍ အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက်(၄၅)နှစ်ရှိ ဒုတပ်ကြပ် ကျော်မင်းနိုင်မှာ ကျောက်ပန်းတောင်းဇာတိဖြစ်ပြီး ကြံစိုက်ပျိုးရေးတပ်မှဖြစ်ကာ လက်ရှိတွင် ချင်မြစ်ကျင်းရွာ ပျူစောထီးစခန်း၌ တာဝန်ကျနေသူဖြစ်သည်ဟု သိရသည်။
ထို့အပြင် အသက်(၂၇)နှစ်အရွယ် ပျူစောထီးဝေဖြိုးအောင်မှာ တန့်ဆည်နယ် စံပယ်ဖြူကုန်းရိုး ဇာတိဖြစ်ပြီး ချင်မြစ်ကျင်းပျူစောထီးစခန်း၌ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
ချင်မြစ်ကျင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားခြင်းကြောင့် ချင်မြစ်ကျင်းရွာဒေသခံအချိုနှင့် အနီးအနားရှိကျေးရွာများမှာ ရွာထဲတွင်မနေရဲဘဲ စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ကျော်ခန့်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။
#TachileikNewsAgency