ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ငွေလိမ်လည်တောင်းခံနေသူများကို AA က သတိပေး

ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ငွေလိမ်လည်တောင်းခံနေသူများကို AA က သတိပေး

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ULA/AA နာမည် ကို အသုံးပြုပြီး အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံ ကောက်ယူနေသူများကို ရပ်တန့်ရန် AA က သတိပေးကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ(၂)ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

ULA/AA နာမည်ကို အသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံနေသောသူများ အနေဖြင့် ယခုကဲ့သို့သော လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် သတိပေးကြောင်း၊ AA အနေဖြင့် သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ယခုကဲ့သို့ အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုး မရှိကြောင်း အသိပေးထားသည်။

 

ယခုကဲ့သို့ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများ ထပ်မံ ရှိလာပါက ULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသ တာဝန် ခံများထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော်(AA)အနေဖြင့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ စခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော အခြားမြိုများရှိ စစ်စခန်းများအားလုံးကို မရပ်မနားထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန် နေသည်ဟုလည်း ထုတ်ပြန်ထားသည်။