မိုးကုတ်မြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးဖမ်းမိပြီး လက်နက် အများအပြားရရှိ

မိုးကုတ်မြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးဖမ်းမိပြီး လက်နက် အများအပြားရရှိ

မန္တလေးတိုင်း မိုးကုတ်မြို့နယ် အနောက်ပိုင်း၌ တစ်ပတ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက်အများပြားကို သိမ်းဆည်းရရှိကြောင်း သိရသည်။ 

စစ်ကောင်စီတပ်အား TNLA၊ PDF(မိုးကုတ်ဗျူဟာ)၊ PDF (၅၁၃)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက် (၄၃)လက် သိမ်းဆည်းရမိပြီး ရဲ(၂)ဦး အပါအဝင် စစ်သုံ့ပန်း(၁၅)ဦးကို ဖမ်းဆီးရမိသည်ဟု TNLAထံမှ သိရသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ MA-1 (၁)လက်၊ MA-2 (၃)လက်၊ MA-3 (၅)လက်၊ MA-10 (၂)လက်၊ MA-11 (၃)လက်၊ MA-16 (၁)လက်၊ MG-64(၁)လက်၊ 60mm (၂)လက်၊ 81mm (၁)လက်၊ RPG-7 (၂)လက်၊ G3 (၉)လက်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ ပါဝင်သည်ဟု သိရသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်ကိုလည်း TNLA၊ DPLA၊ MDY-PDF တို့က ယနေ့နံနက်ပိုင်းတွင် ပူးပေါင်းတိုက်ခိုက်သည်ဟု ဆိုသည်။

မိုးမိတ်မြို့နယ် ညောင်နီကျေးရွာအနီးတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News