ရှမ်းမြောက်နှင့် မိုးကုတ်မြို့တို့တွင် ရပ်သား ၂၀ ကျော်သေပြီး ၃၀ ဦးဒဏ်ရာရ

ရှမ်းမြောက်နှင့် မိုးကုတ်မြို့တို့တွင် ရပ်သား ၂၀ ကျော်သေပြီး ၃၀ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် (၅)ရက်တာကာလအတွင်း ဒေသခံအရပ်သား (၂၂)ဦးသေဆုံးပြီး ဒဏ်ရာရသူ(၃၀)ဦးအထိရှိကြောင်း TNLA ထံမှ သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းတို့‌ကြောင့် အရပ်သားများ ထိခိုက်သေဆုံးခြင်းများရှိသည်ဟု သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဇွန်လ(၂၅)ရက်နေ့တွင် ဒေသခံ (၂)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဇွန်လ (၂၆)ရက်နေ့တွင် သေဆုံးသူ (၄)ဦးနှင့် ဒဏ်ရာရရှိသူ (၁၅)ဦး၊ (၂၇)ရက်နေ့တွင် သေဆုံးသူ(၃)ဦးနှင့် ဒဏ်ရာရရှိသူ (၃)ဦး၊ (၂၈)ရက်နေ့တွင် သေဆုံးသူ (၁၁)ဦးနှင့် ဒဏ်ရာရသူ (၄)ဦး၊ ဇွန်လ (၂၉)ရက်နေ့တွင် သေဆုံးသူ (၂)ဦးနှင့် ဒဏ်ရာရရှိသူ (၃)ဦး စုစုပေါင်း ဒေသခံ (၂၁)ဦး သေဆုံးပြီး၊ (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ ဇွန်လ(၂၉)ရက်နေ့တွင် ကျောက်မဲမြို့ ရပ်ကွက် (၈)အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်နန်းခင်ဖုန်းနှင့် နန်းမွေးလင်းစံတို့ (၂)ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် နောင်ချိုမြို့ (ကံ့ကော်)ဘုန်းကြီးကျောင်းပေါ်သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး(၆)လုံး လာရောက်ကြဲခဲ့မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင်များ ထိခိုက်ပျက်ဆီးခဲ့သည်ဟု ဆိုသည်။

၎င်းအပြင် မိုးမိတ်မြို့ ညောင်နီရွာတွင် စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲကြောင့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်တို့တွင် စစ်ဘေးရှောင် (၃၀၀၀‌)နီးပါအထိ ရှိနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News