သံတွဲမြို့မှ ဒေသခံများကြိုတင်တိမ်းရှောင်သဖြင့် မြို့တိတ်ဆိတ်နေ

သံတွဲမြို့မှ ဒေသခံများကြိုတင်တိမ်းရှောင်သဖြင့် မြို့တိတ်ဆိတ်နေ

ရခိုင်ပြည်နယ် သံတွဲမြို့ တိုက်ပွဲအခြေအနေကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ကြသဖြင့် မြို့လည်း ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၄)ရက်နေ့တွင် တိတ်ဆိတ်သွားပြီဖြစ်သည်။

တိုက်ပွဲအခြေအနေကြောင့် မြို့တွင်းဒေသခံများသည် တောင်ကုတ်မြို့နယ်ဘက်တွင်လည်း တိုက်ပွဲဖြစ်နေခြင်းကြောင့် ဂွမြို့နယ်ဘက်သို့ တိမ်းရှောင်သွားကြခြင်းဖြစ်သည်။



 

ယနေ့ နံနက်ပိုင်းတွင် သံတွဲမြို့အတွင်းသို့ လက်နက်ကြီးကျည်ကျခဲ့ပြီး မြို့မရဲစခန်းမှလည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများစိုးရိမ်ကာ တိမ်းရှောင်သွားကြခြင်းဖြစ်သည်။

လက်ရှိတွင် ငပလီကမ်းခြေရှိ စစ်ကောင်စီတပ် ခမရ(၅၆၆)တပ်နှင့် ခလရ(၅၅)တို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်နေသည်။

ဂျိတ္တော၊ မြပြင်၊ လင်းသာတို့မှ ပြည်သူများလည်း ဂွ၊ ကျိန္တလီမြို့နယ်ဘက်သို့ တိမ်းရှောင်ရန်ပြင်ဆင်နေကြပြီး လုံးသာ၊ သံတွဲလမ်းမမှာ သွားလာရ မလွယ်ကူတော့၍ မြိုရှောင်လမ်းကို အသုံးပြုနေကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ