မူဆယ်မြို့ တွင် စည်ပင်ကားတိမ်းမှောက်ကာ (၁၀)ဦးဒဏ်ရာရ

မူဆယ်မြို့ တွင် စည်ပင်ကားတိမ်းမှောက်ကာ (၁၀)ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စည်ပင်ကားတိမ်းမှောက်ကာ (၁၀)ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

“မိန်းကလေးတစ်ဦး ပေါင်ကျိုးသွားတယ်။ တခြားသူတွေကတော့ ခေါင်းထိ၊ လက်၊ မျက်ခုံးကွဲ အခြားဒဏ်ရာတွေ ရရှိထားတယ်။ မြင့်မြတ်ပါရမီအသင်းက မူဆယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်မြို့ရှိ ဧက(၄၀)နှင့် 777 ကားရေဆေးဆီလိုက်ဆိုင်ကြားတွင် ၂၀၂၄ခုနှစ် ဇွန်လ (၂၀)ရက်နေ့ ညနေပိုင်း စည်ပင်ဝန်ထမ်းများ အလုပ်ဆင်းချိန်တွင် စည်ပင်ကားဖြင့် သွားကြိုစဥ်တွင် ယာဥ်မတော်တဆဖြစ်ကာ တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: လဖက်ညွန့်လူမှုကူညီရေးအသင်း